|
Day : 1 Yangon - Gaya (Lunch & Dinner) (ပွင့်)
ရန်ကုန်မှလေယာဉ်ဖြင့် မြတ်စွာဘုရားရှင် ပွင့်တော်မူသော ဂယာသို့ရောက်ရှိပြီး ဦးစွာBC၃ရာစုနှစ်က
သီရိဓမ္မာသောကမင်းကြီးတည်ထားခဲ့သော မဟာဗောဓိစေတီ နှင့် ဗောဓိညောင်ပင် သို့သွားပါမည်။ ပြီးလျှင်
ရွှေခွက်ကိုအဓိဌာန်ဖြင့် မျှောခဲ့သော နေရဉ္စရာမြစ်၊ မြတ်စွာဘုရားအား ဃနာနို့ဆွမ်းကပ်လှူခဲ့သော သုဇာတာ
အတွက်တည်ခဲ့သည့် သုဇာတာစေတီတို့ကိုသွားရောက်ဖူးမျှော်မည်။ညစာသုံးဆောင်ပြီး Bodhagaya Regency Hotel
တွင်အိပ်စက်အနားယူပါမည်။
Day : 2 Bodhgaya – Varanasi (ဗာရာဏသီ) (Breakfast, Lunch & Dinner) (ဟော)
Hotel တွင် နံနက်စာသုံးဆောင်ပြီးလျှင် ဗာရာဏသီသို့ ထွက်ခွာပါမည်။ ၅နာရီနှင့်၆နာရီကြား ကားမောင်းနှင်ပြီး
ဗာရာဏသီသို့ရောက်ရှိကာ Hotel Check in ၀င်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးလျှင် မြတ်စွာဘုရားရှင်
တရားဦးဓမ္မစင်္ကြာဟောတော်မူခဲ့သော မိဂဒါဝုန်သို့ ဆက်လက်ထွက်ခွာမည်။ ထို့နောက်မြတ်စွာဘုရား
ဘုရားရှင်ဖြစ်တော်မူပြီး ပဉ္စ၀ဂ္ဂီငါးဦးမှ ခရီးဦးကြိုဆိုသော နေရာတွင်တည်ခဲ့သော ချောက်ခဏ္ဍီစေတီ၊
ဓမ္မစင်္ကြာတရားဦးဟောရာနေရာတွင်တည်ခဲ့သောဓမ္ဓရာဇိကစေတီသို့သွားရောက်ဖူးမျှော်ပါမည်။BC၃ရာစုသို့ပြန်လည်ရောက်ရှိသွားသကဲ့သို့ခံစားတွေ့မြင်ရမည့်ရှေးဟောင်းသူ့တေသနပြတိုက်သို့သွားရောက်လည်
ပတ်ပါမည်။ မြတ်စွာဘုရား၏ ဘ၀ဖြစ်စဉ်အကြောင်းအရာများကို သေသပ်လှပစွာခြယ်မှုံးထားသော နံရံဆေးရေးပန်းချီများကို
တွေ့မြင်နိုင်သည့် မူလဂန္ဒာကုတ္တိဘုရားသို့ သွားရောက်ဖူးမျှော်ပါမည်။ ပြီးလျှင်ညစာသုံး ဆောင်ကာ Grape Vine
Hotelတွင်အိပ်စက်အနားယူပါမည်။
Day : 3 Varanasi (ဗာရာဏသီ) – Sravasti (သာဝတ္တိ) (Breakfast, Lunch & Dinner)
နံနက်စောစောထကာ ဂင်္ဂါမြစ် နေထွက်ချိန်ကို လှေစီးသွားရင်း သွားရောက်ကြည့်ရူပြီးပြန်လာလျှင် Hotel တွင်
နံနက်စာသုံးဆောင်ကာ သာဝတ္တိ သို့ထွက်ခွာပါမည်။ ၆ နာရီနှင့် ၇ နာရီကြား ကားမောင်းနှင်ပြီး
နောက်မြတ်စွာဘုရားရှင် (၂၅)ဝါ လုံးလုံးသီတင်းသုံးခဲ့သည့် သာဝတ္တိပြည်သို့ ရောက်ရှိမည်။ နေ့လည်စာ
သုံးဆောင်ပြီးနောက် မြတ်စွာဘုရားရှင် (၁၉)ဝါ သီတင်းသုံးတော်မူခဲ့သော အနာထပိဏ် သူဌေး လှူတန်းခဲ့သည့်
ဇေတဝန်ကျောင်းတော် ရာတို့သို့ သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် မြတ်စွာဘုရားရှင်၏ ဝါတော် (၇)ဝါ မြောက်
တာဝတိံသာနတ်ပြည် သို့မကြွမီ သရက်ပင်အောက်တွင် ကြာပွင့်ကြီး တစ်ပွင့် ဖန်ဆင်းတော်မူ၍ ထိုကြာပန်းပေါ်
မှတ်တပ်ရပ်လျက် ခန္ဓာကိုယ်မှ ရေအစုံမီးအစုံသော တန်ခိုး ပြဋိဟာ တို့ကို ပြတော်မူပြီးသည်နှင့် သရက်ဖြူပင်
ပေါက်ရာမြေမှ တာဝတိံသာနတ်ပြည် သို့ကြွတော်မူပြီး တိတ္ထိများကို နှိမ်နင်းပြခဲ့သော နေရာဖြစ်သည့် တန်ခိုး
ပြဋိဟာ ပြရာ သရက်ဖြူကုန်း၊ အင်္ဂုလိမာလ စေတီတို့အား သွားရောက် ဖူးမျှော်ပါမည်။ ထို့နောက်
ညစာသုံးဆောင်ပြီးလျှင် Lotus Sutra Hotel တွင် အိပ်စက် အနားယူပါမည်။
Day : 4 သာဝတ္တိ - လုမ္ဗိနီ (Breakfast, Lunch & Dinner) (ဖွား)
Hotel တွင် နံနက်စာ သုံးဆောင်ပြီးနောက် လုမ္ဗိနီ မြို့ကို အိန္ဒိယ - သီပေါ နှစ်နိုင်ငံ နယ်စပ်ထွက်ပေါက်မှ
တစ်ဆင့် ကားဖြင့် ထွက်ခွာပါမည်။ ၄ နာရီ နှင့် ၅ နာရီ မောင်းနှင်ကာ လုမ္ဗိနီ မြို့သို့ရောက်ရှိပြီး Hotel
တွင်နေ့လည်စာ သုံးဆောင်မည်။ မြတ်စွာဘုရားလောင်း ဖွားတော်မူရာ လုမ္ဗိနီ အင်ကြင်းတော၊ မာယာဒေဝီ ဘုရားကျောင်း၊
မယ်တော်မဟာ မာယာဒေဝီ အင်းကြင်းကိုင်းကို လက်တစ်ဖက်ဖြင့် ကိုင်ပြီးသားတော် သိဒ္ဓတ္ထမင်းသားကို
ဖွားမြင်တော်မူဟန် လုမ္ဗိနီ ဥယာဉ်တော်အတွင်းက ရုပ်ထုတော်၊ သိဒ္ဓတ္ထမင်းသား ခြေခုနှစ်လှမ်း စတင်လှမ်းရာ
အထိမ်းအမှတ်စေတီ၊ အသောက မင်းကြီး စိုက်ထူခဲ့သော အသောက ကျောက်စာတိုင်၊ မယ်တော် ရေသုံးသပ်ရာ မာယာဒေဝီ
ရေကန်တော်သို့ သွားရောက် ဖူးမျှော်ပါမည်။ ပြီးနောက် Redsun Resort (or) Nirvana Hotel
တွင်အိပ်စက်အနားယူပါမည်။
Day : 5 လုမ္ဗိနီ - ကုသိနာရုံ (Breakfast, Lunch & Dinner) (စံ)
Hotel တွင် နံနက်စာ သုံးဆောင်ပြီး ကုသိနာရုံ သို့ကားဖြင့် ဆက်လက်ထွက်ခွာမည်။ ၄ နာရီ ခန့် မောင်းနှင်ပြီး
ကုသိနာရုံ သို့ရောက်ရှိမည်။ ထို့နောက် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ မဟာပရိနိဗ္ဗာနစေတီ နှင့် AD ၅
ရာစုနှစ်ခန့်က ထုလုပ်ပူဇော်ခဲ့သည့် မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုတော်မူပုံ လျောင်းတော်မူ ရုပ်ပွားတော်၊
မြတ်စွာဘုရား အလောင်းတော် တေဇောဓာတ် လောင်ကျွမ်းသည့်နေရာတွင် ကျန်ရစ်ခဲ့သည့် မီးသွေးများကို ဌာပနာထားသော
အင်္ဂါရစေတီ (မီးသွေးစေတီ)၊ ဥာဏ်တော် ၅ ပေ ၆ လက်မ ရှိတော်မူသော မြတ်စွာဘုရားရှင် ဇျာန်ဝင်စားဟန်
ထွင်းထုပူဇော်ထားသော ရုပ်ပွားတော်သို့ သွားရောက်ဖူးမျှော်ပါမည်။ Lotus Nikko Hotel
တွင်အိပ်စက်အနားယူပါမည်။
Day : 6 ကုသိနာရုံ – Vaisahali (ဝေသာလီ) – Rajgir (ရာဇဂြိုလ်) (Breakfast, Lunch &
Dinner)
Hotel တွင် နံနက်စာသုံးဆောင်ပြီးလျှင် ဝေသာလီမှတစ်ဆင့် ရာဇဂြိုလ် သို့သွားကြပါမည်။ ၅ နာရီ ခန့်
ကားမောင်နှင်ပြီး ဝေသာလီသို့ ရောက်ရှိမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ရှေးက လိစ္ဆဝိမင်း တို့၏
ဓာတ်တော်တိုက်သို့ သွားရောက် ဖူးမျှော်ပြီးနောက် ရာဇဂြိုလ်မြို့ သို့ဆက်လက်ထွက်ခွာမည်။ ၃ နာရီခန့်
မောင်းနှင်ပြီး ရာဇဂြိုလ် သို့ရောက်ရှိပါမည်။ ပထမဦးစွာ နာလန္ဒာမြို့မှ နာဂအဇ္ဈနဆရာတော် စတင်တည်ထောင် ခဲ့သည့်
နာလန္ဒာတက္ကသိုလ်သို့သွားပါမည်။ AD ၅ ရာစု မှ ၁၂ ရာစု အထိနှစ်ပေါင်း ၇၀၀ ကျောက် တည်ရှိခဲ့သည့် ရှေးယခင်က
ကြီးကျယ်ခမ်းနားခဲ့သော ကျောင်းတော်ကြီး၏ မီးရှို့ခံရပြီး ကျန်ရှိနေသော နေရာများအား
လွမ်းဆွတ်ဖွယ်တွေ့မြင်နိုင်ပါမည်။ ယခုအသစ်ဆောက်လုပ်ထားသော နာလန္ဒာတက္ကသိုလ် တို့အား သွားရောက်လေ့လာ
ပြီးညစာသုံးဆောင်ကာ Indo Hokke Hotel တွင်ပြန်လည်ကာ အိပ်စက်အနားယူပါမည်။
Day : 7 Rajgir (ရာဇဂြိုလ်) - Bodhgaya (Breakfast & Lunch)
Hotel တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဗိမ္ဗိသာရမင်း စိုးစံသောတိုင်းပြည်ဖြစ်သည့် ရာဇဂြိုလ် ပြည်ကိုလှည့်လည်
ကြည့်ရူ့ပါမည်။ ထို့နောက် ရတနာင်္ဂီရိတောင်ထပ်က "၀ိရွှသျှန္တီစေတီ" ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ ကိုဖူးမျှော်ရပါမည်။
သာသနာတော် ၂၅၀၀ ပြည့်နှစ်အထိမ်းအမှတ် အဖြစ် ဂျပန်-ဗုဒ္ဓဘာသာဆရာတော် (Nipponza Myohoji) အရှင် ဖီဂျီ
ကတည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်ရဲ့ လေးမျက်နှာမှာ မြတ်စွာဘုရားရှင်၏ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ
လေးဌာနကို ထွင်းထုပူဇော်ထားပါသည်။ စေတီတော်၏ အရှေ့ဘက်နားတွင် မြတ်စွာဘုရားမိုးတွင်းကာလတွင်
တရားဟောပြောရာနှင့် တရားကျင့်ကြံအားထုတ်ရာ ဗိမ္ဗိသာရမင်းကြီး လှူတန်းခဲ့သော ဝါပင်များအုပ်ဆိုင်း သာယာလှပသော
ဝေဠုဝန်ကျောင်းတော် သို့သွားပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ကားဖြင့် ၄ နာရီမှ ၅ နာရီကြား မောင်းနှင်ပြီး
ဂယာသို့ ပြန်ပါမည်။
Day : 8 Bodhgaya - Yangon (Breakfast)
Hotel တွင် နံနက်စာ သုံးဆောင်ပြီး မဟာဗောဓိစေတီ နှင့် ဗောဓိညောင်ပင် သို့သွားရောက် ဖူးမျှော်ပါမည်။
ထို့နောက် ဂယာပြန်အမှတ်တရ လက်ဆောင်များဝယ်ကာ လေဆိပ်သို့ထွက်ခွာပြီး ရန်ကုန်သို့ပြန်ပါမည်။
|